Monday, January 10, 2022

ဂရိနိုင်ငံခြားရေးဝန်ကြီးသည် အာဖရိကနိုင်ငံများသို့ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း

ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) သည် နိုင်ဂျီးရီးယား နိုင်ငံသို့ ဇန်နဝါရီလ ၉ ရက်တွင် သွားရောက်ခဲ့ပြီး အန်ဂိုလာနိုင်ငံသို့ ဇန်နဝါရီလ ၁၀ ရက်တွင် ဆက်လက်သွားရောက်မည်ဖြစ်ကာ ၎င်းနှစ်နိုင်ငံရှိ အကြီးတန်းအရာရှိ များနှင့် တွေ့ဆုံနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း Greekcitytimes သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် ၎င်းသည် နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဂျက်ဖရီအွန်ရယ်မာ (Geoffrey Onyeama) နှင့် အင်ဂိုလာနိုင်ငံခြားရေးဝန်ကြီး တီတီအန်တိုနီယို (Tete Antonio) တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ၎င်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးသွားမည် ဖြစ်ပါသည်။ ထို့ပြင် အင်ဂိုလာသမ္မတ ဂျိုအိုလော်ရန်ကို (Joao Lourenco) အနေဖြင့်လည်း ၎င်းအား ဇန်နဝါရီလ ၁၂ ရက်တွင် လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment