တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဂျော်ဂျီယာဝန်ကြီးချုပ် အီရာကီဂါရီဘာရှာဗီလီ (IrakliGaribashvili) တို့သည် ဇွန်လ ၁ ရက်၌ တူရကီနိုင်ငံ၏မြို့တော် အန်ကာရာ(Ankara)တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ် ခဲ့ပြီး အဆိုပါတွေ့ဆုံမှုအပြီးပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဂျော်ဂျီယာ နိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြားဖြစ်ပေါ်လျက်ရှိသည့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ပိုမိုခိုင်မာလာစေရန်အတွက် ဆောင်ရွက်သွားရမည့်နည်းလမ်း များအား အမြင်ချင်းဖလှယ်ကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment