Tass;May -31(Mon)
တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှဝယ်ယူခဲ့သည့် မြေပြင်မှဝေဟင်ပစ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များ အသုံးမပြုရန် အခြားသောနိုင်ငံများ၏ ပြောကြားချက်များအပေါ် လက်ခံနိုင်ဖွယ်ရာမရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) က မေလ ၁ ရက်တွင် ဂရိနိုင်ငံသို့ လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း ပြောကြားခဲ့ပါသည်။ ရုရှားနှင့် တူရကီနိုင်ငံတို့အကြား S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူရေးနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်တွင် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်များအား ဝယ်ယူခဲ့သည့် ပထမဆုံးနေတိုးအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါသည်။ ရုရှားနိုင်ငံထုတ် S-400 စနစ်များအား ဝယ်ယူရန် တူရကီ၏ဆုံးဖြတ်ချက် သည် အမေရိကန်၊ နေတိုးအဖွဲ့တို့နှင့် ဆက်ဆံရေးတင်းမာမှုများကို ဖြစ်ပေါ်လာစေခဲ့ ပါသည်။
အမေရိကန်နိုင်ငံသည် တူရကီ၏ S-400 စနစ်ဝယ်ယူမှုအား စွန့်လွှတ်သွားရန် တောင်းဆိုမှုများပြုလုပ်သွားမည်မဟုတ်သော်လည်း ၎င်း၏ ပဉ္စမမျိုးဆက်ဖြစ်သည့် F-35 တိုက်လေယာဉ်ရောင်းချမည့်အစီအစဉ်မှ တူရကီနိုင်ငံအား ဖယ်ထုတ်ခဲ့ပါသည်။ ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ၂၀၀၇ ခုနှစ်တွင် စတင် မိတ်ဆက်ခဲ့သည့် တာဝေးနှင့် တာလတ်ပစ်အမျိုးအစား မြေပြင်မှဝေဟင်သို့ ပစ်ခတ်နိုင် သည့် ဒုံးကျည်စနစ်ဖြစ်ပါသည်။ ၎င်းစနစ်သည်လေယာဉ်များ၊ ခရုဇ်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည်များအပါအဝင် မြေပြင်ပစ်မှတ်များကိုလည်းပစ်ခတ်နိုင်သည့် အမျိုးအစား ဖြစ်ပါသည်။ S-400 ဒုံးကျည်စနစ်သည် အကွာအဝေး ၄၀၀ ကီလိုမီတာနှင့် အမြင့် ၃၀ ကီလိုမီတာအတွင်းရှိ မည်သည့်လေကြောင်းပစ်မှတ်ကိုမဆို ပစ်ခတ်တိုက်ခိုက်၍ ဖျက်ဆီး နိုင်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment