Wednesday, June 15, 2022

ယူကရိန်းနိုင်ငံ၏ ဂျုံတင်ပို့မှုများအတွက် ၄ ပွင့်ဆိုင်အစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အသင့်ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

TRTWorld; Jun-16(Thu)

တူရကီနိုင်ငံသည် ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းနိုင်ငံမှ ဂျုံများတင်ပို့နိုင်ရေး နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၊ ရုရှား၊ ယူကရိန်းနိုင်ငံတို့ပါဝင်သည့် ၄ ပွင့်ဆိုင်အစည်းအဝေးအား ရုရှားနိုင်ငံမှ အပြုသဘောဆောင်သည့် တုံ့ပြန်မှုရရှိပါက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အသင့်ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဇွန်လ ၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ယူကရိန်း ဆိပ်ကမ်းများသည် ရုရှားတပ်ဖွဲ့ဝင်များ၏ သိမ်းပိုက်ခြင်းနှင့် ဝန်းရံပိတ်ဆို့ခြင်းများ အပြင် သင်္ဘောများအနေဖြင့် သွားလာရာတွင် မိုင်းအန္တရာယ်များနှင့်ရင်ဆိုင်နေရသော ကြောင့် ဂျုံတန်ချိန်သန်းပေါင်းများစွာသည် ယူကရိန်းဆိပ်ကမ်းများ၌ ပိတ်မိလျက်ရှိပါ သည်။ အဆိုပါပိတ်မိလျက်ရှိသော ဂျုံတန်ချိန်သန်းပေါင်းများစွာကို အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေးအစီအစဉ်တစ်ရပ်အား ကုလသမဂ္ဂက ဇွန်လ ၁၅ ရက်တွင် တင်သွင်း ခဲ့ကြောင်း မက်ဗလက်ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။

အဆိုပါအစီအစဉ်အရ ကုလသမဂ္ဂအနေဖြင့် ပင်လယ်နက်အတွင်းရှိ မိုင်း တည်ရှိရာနေရာများကို သိရှိပြီးဖြစ်သည့်အတွက် ၎င်းနေရာများအား ရှောင်ကွင်းကာ ယူကရိန်းရှိ ဆိပ်ကမ်း ၃ ခုအား ဘေးကင်းစိတ်ချရသော လမ်းကြောင်းများတည်ဆောက်၍ ယူကရိန်းနိုင်ငံမှ ဂျုံတင်ပို့မှုများကို ပင်လယ်နက်အတွင်း မိုင်းရှင်းလင်းခြင်းပြုလုပ်ရန် မလိုအပ်ဘဲ ပို့ဆောင်သွားနိုင်မည်ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂ၏ မိုင်းရှင်းလင်းရေးအစီအစဉ် သည်လည်း အချိန်ကာလကြာမြင့်မည်ဖြစ်သည့်အတွက်ကြောင့် အထက်ပါအစီအစဉ်အား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာရှားပါးမှုမြင့်တက်နေသည့် အခြေအနေများကို ဖြေရှင်းရာတွင် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်ကြောင်းနှင့် ၎င်း ကိစ္စရပ်အတွက် တူရကီအစိုးရတာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ် (Stephane Dujarric) က ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment