Friday, June 3, 2022

တူရကီသမ္မတသည် ၎င်းနိုင်ငံ၏အမည်အား ပြောင်းလဲသတ်မှတ်ခဲ့ခြင်း

 

    တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်းနိုင်ငံ၏အမည်အား ယနေ့မှစ၍ တူကီရက် (Turkiye) ဟု ပြောင်းလဲခေါ်ဝေါ်ပေးရန် ကုလသမဂ္ဂထံသို့ အကြောင်းကြားခဲ့သည်ဟု Malaymail သတင်းဌာနက ဇွန်လ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံ၏ အမည်အပြောင်းအလဲအတွက် တောင်းဆို သည့် တရားဝင်စာအား ဇွန်လ ၁ ရက်တွင် နယူးယောက်ခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ လက်ခံရရှိခဲ့ပြီး အဆိုပါအမည်ပြောင်းလဲမှုကို အတည်ပြုပေးခဲ့ကြောင်း ကုလသမဂ္ဂ အကြီးအကဲ စတီဖန်ဒူဂျာ်ရစ် (Stephane Dujarric) က ဇွန်လ ၂ ရက်တွင်  ပြောကြားခဲ့ ပါသည်။ အော်တိုမန်အင်ပါယာပြိုကွဲပြီးနောက် တူရကီနိုင်ငံတည်ထောင်ခဲ့သည့် နှစ် ၁၀၀ အကြာတွင် အထက်ပါအတိုင်း အမည်ပြောင်းလဲမှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment