Xinhua; Jun-27(Mon)
တူရကီနိုင်ငံအနေဖြင့် ၎င်းတို့၏စစ်ရေးပြင်ဆင်မှုများ အပြည့်အဝပြီးဆုံးပါက ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ်သူပုန်များအပေါ် စစ်ဆင်ရေးအသစ်များ စတင်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇွန်လ ၂၇ ရက်တွင် အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်ပြီးနောက် သတင်းထောက် များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက်အနေဖြင့် တူရကီ-ဆီးရီးယားနယ်စပ်တစ်လျှောက်၌ ၎င်းတို့၏ထိန်းချုပ်မှု အောက်တွင်ရှိသော လုံခြုံရေးစင်္ကြံတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ စစ်ဆင်ရေးလုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါစစ်ဆင်ရေးဆောင်ရွက်မှုအား ပျက်ပြား စေမည့် ကြိုးစားအားထုတ်မှုများသည်လည်း အချည်းအနှီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ ရည်မှန်းချက်ကို ပြောင်းလဲသွားမည်မဟုတ်ကြောင်းကိုလည်း အာဒိုဂန်က ပြောကြားခဲ့ ပါသည်။
တူရကီသမ္မတ အာဒိုဂန်သည် NATO ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အတွက် ယခုသီတင်းပတ်အတွင်း စပိန်နိုင်ငံ၊ မဒ်ဒရစ် (Madrid) မြို့သို့ သွားရောက် မည်ဖြစ်ပြီး ၎င်းအစည်းအဝေးတွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ နိုင်ငံ အချို့၏ ဆောင်ရွက်ချက်များကိုပြသရန် စာရွက်စာတမ်းအထောက်အထားများ တင်ပြ သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူရကီစစ်ဘက်သည် ကာ့ဒ် သူပုန်များအပေါ် စစ်ဆင်ရေးများအဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါစစ်ဆင်ရေး များသည် တူရကီနိုင်ငံအပေါ် အကြမ်းဖက်ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်နှင့် ဆီးရီးယား ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး လွယ်ကူချောမွေ့စေမည့် ဘေးကင်းဇုန်တစ်ခုတည်ဆောက် နိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တူရကီအစိုးရက ပြောကြားထားသည်ဟု သိရှိရပါသည်။
No comments:
Post a Comment