တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အစ္စရေး သမ္မတ အစ်ဆက်ဟာဇော့ (Isaac Herzog) တို့သည် ဇွန်လ ၁၉ ရက်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်သွားရန် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ ကြကြောင်း Xinhua သတင်းဌာနက ဇွန်လ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့အနေဖြင့် တူရကီ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းကိစ္စရပ်များအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံ၏ ဒေသတွင်းအကြမ်းဖက်မှုများတိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုများအပေါ် အသိအမှတ်ပြုကြောင်း ဟာဇော့က ဆွေးနွေးမှုအတွင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Wednesday, June 22, 2022
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးသည် တူရကီသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန်စီစဉ်ထားခြင်း
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ရယ်လာပစ် (Yair Lapid) သည် ဇွန်လ ၂၃ ရက် တွင် တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင် ကြေညာခဲ့သည်ဟု Xinhua သတင်းဌာနက ဇွန်လ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ရယ်လာပစ်သည် တူရကီနိုင်ငံခြားရေး ဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိသေးကြောင်းလည်း ၎င်းသတင်းဌာနက ဖော်ပြ ထားပါသည်။ တူရကီနှင့်အစ္စရေးတို့သည် ဆယ်စုနှစ်တစ်ခုကြာ တင်းမာမှုများဖြစ်ပွား ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ဆောက်သွားရန် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရပါသည်။
Labels:
တူရကီ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment