Monday, June 27, 2022

ဖင်လန်နှင့် ဆွီဒင်တို့၏ NATOအဖွဲ့ဝင်အဖြစ်ကြိုးပမ်းမှုတွင် တူရကီက ဗီတိုအာဏာ အသုံးပြုနေမှုအား ဖယ်ရှားပေးရန် NATO ခေါင်းဆောင်များက တိုက်တွန်းသွားမည်ဆိုခြင်း

 

Reuters; Jun-27 (Mon)

              ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO မဟာမိတ်အဖြစ်ပါဝင်ရန် ကြိုးပမ်းမှု အပေါ် တူရကီနိုင်ငံအနေဖြင့် ဗီတိုအာဏာအသုံးပြုနေမှုအား ဖယ်ရှားပေးရန်အတွက် NATO ခေါင်းဆောင်များသည် NATO ထိပ်သီးအစည်းအဝေးအတွင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အား တိုက်တွန်းသွားမည်ဖြစ် ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ NATO ထိပ်သီးဆွေးနွေးပွဲ အား စပိန်နိုင်ငံ၊ မဒ်ဒရစ်မြို့၌ ဇွန်လ ၂၈ ရက်မှ ၃၀ ရက်ထိ ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

သုံးသပ်ချက်

              ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖေဖော်ဝါရီလ၂၄ ရက်မှစတင်ခဲ့သည့် စစ်ဆင် ရေးသည် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့ပြီး တစ်ချိန်က ကြားနေနိုင်ငံဖြစ်ခဲ့သည့် ဖင်လန်နှင့်ဆွီဒင်နိုင်ငံတို့သည်လည်း မြောက်အတ္တလန္တိတ်စာချုပ် အဖွဲ့ (NATO) တွင် ပါဝင်ရန် ကြိုးပမ်းလာခဲ့ကြပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်ကြိုးပမ်းလာမှုအား တူရကီနိုင်ငံအနေဖြင့် ၎င်းတို့ သည် ကာ့ဒ်တပ်ဖွဲ့ဝင်များအပေါ် ထောက်ပံ့မှုများပေးအပ်နေသည် ဟူသောအကြောင်း ပြချက်များဖြင့် ဗီတိုအာဏာအသုံးပြုကာ တားမြစ်မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် တူရကီနိုင်ငံ၏ ဗီတိုအာဏာအသုံးပြုနေမှုအား ဖယ်ရှားပေးရန်အတွက် စပိန်နိုင်ငံ၊ မဒ်ဒရစ်မြို့၌ ဇွန်လ ၂၈ ရက်မှ ၃၀ ရက်ထိ ရက်ကြာ ကျင်းပပြုလုပ်မည့် NATO ထိပ်သီးအစည်းအဝေးအတွင်း NATO ခေါင်းဆောင်များသည် တူရကီသမ္မတထံ တောင်း ဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ အလားတူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) သည်လည်း NATO ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအဖြစ် အာဒိုဂန်နှင့်တွေ့ဆုံ၍ တိုက်တွန်းမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။ NATO အဖွဲ့ထိပ်သီး အစည်းအဝေးသည် NATO အဖွဲ့ဝင်နိုင်ငံများအကြား ဖြစ်ပေါ်လျက်ရှိသည့် သဘောထား ကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်၊ ယူကရိန်းအား စစ်ရေးအကူအညီများ ပိုမိုပံ့ပိုးပေးရန်၊ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန်၊ တရုတ်၏စစ်ရေးအင်အားကြီးထွား လာမှုကို ကိုင်တွယ်ဖြေရှင်းရန် သန္နိဋ္ဌာန်အသစ်များကို ချမှတ်သွားရေးနှင့် ဘောလ်တစ် ဒေသကိုကာကွယ်ရန် NATO တပ်ဖွဲ့ဝင်များ ထပ်မံထားရှိရေးတို့အတွက် ဆွေးနွေး သွားရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ NATO ထိပ်သီးဆွေးနွေးပွဲအတွင်း ဖင်လန် နှင့် ဆွီဒင်တို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးအတွက် တူရကီနိုင်ငံအပေါ် တောင်းဆိုမှုများ ပြုလုပ်ခြင်းဖြင့် သိသာမှုရှိသည့် ရလဒ်ကောင်းများ ရရှိနိုင်ခြင်းရှိ/ မရှိကို ဆက်လက် စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment