Tuesday, June 7, 2022

တူရကီစစ်ဘက်သည် ဆီးရီးယားနိုင်ငံရှိ မန်ဘစ်နှင့် တောလ်ရီဖတ်မြို့တို့အား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း

 Aawast;Jun-7(Tue)

              ဆီးရီးယားနိုင်ငံရှိ တူရကီစစ်ဘက်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မဟာမိတ်တပ်ဖွဲ့ဝင် များသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း မန်ဘစ် (Manbij) မြို့ရှိ ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့ (Syrian Democratic Forces-SDF) အား ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း Aawast သတင်းဌာနက ဇွန်လ ရက်တွင် ရေးသားဖော်ပြခဲ့ ပါသည်။ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားအမျိုးသားတပ်မတော် (Syrian National Army-SNA) သည် စစ်ရေးပြင်ဆင်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများအားလုံးကို  အပြီးသတ်လုပ်ဆောင်ထားပြီးဖြစ်သည်ဟု တူရကီစစ်ဘက်အနေဖြင့် အတည်ပြုထား ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ပြောကြားမှုထွက်ပေါ်ခဲ့ပြီးနောက် အထက်ပါဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ် ပါသည်။

              လက်ရှိတွင် SNA တပ်ဖွဲ့ဝင်များသည် ပထမအဆင့်အနေဖြင့် ဆီးရီးယားနိုင်ငံရှိ မန်ဘစ် (Manbij) နှင့် တောလ်ရီဖတ် (Tall Rifat) မြို့တို့ကို ပစ်မှတ်ထားကာ စစ်ဆင်ရေး စတင်ဆောင်ရွက်ရန် အမိန့်ပေးမှုအား စောင့်ဆိုင်းလျက်ရှိပါသည်။ တူရကီစစ်ဘက်နှင့် ထောက်လှမ်းရေးဆိုင်ရာအကြီးအကဲများသည် ဆီးရီးယားနိုင်ငံ၊ အလက်ပို (Aleppo) မြို့ရှိ Hawar Kilis စစ်ဆင်ရေးစခန်းတွင် SNA အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ စစ်ဆင်ရေးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား အသိပေးချပြရှင်းလင်း မှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသည် တူရကီခေါင်းဆောင်များအနေဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) အပါအဝင် ရုရှား စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တို့အား တူရကီနိုင်ငံ၌တွေ့ဆုံရန် စီစဉ်ထားသည့် ဆွေးနွေးပွဲမတိုင်မီ ရက်အလိုတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။  

No comments:

Post a Comment