Thursday, June 9, 2022

ဆွီဒင်လွှတ်တော်၌ အကြမ်းဖက်သမားများရှိနေကြောင်းနှင့် NATO သို့ ဝင်ရောက်မည့် ဆွီဒင်၏ကြိုးပမ်းမှုများကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတကပြောကြားခဲ့ခြင်း

    ဆွီဒင်လွှတ်တော်၌ အကြမ်းဖက်သမားများရှိနေကြောင်းနှင့် မိမိအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သို့ ဝင်ရောက်မည့် ဆွီဒင်၏ကြိုးပမ်းမှုများကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdoğan) က ပြောကြားခဲ့သည်ဟု Ahval သတင်းဌာနမှ ဇွန်လ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ NATO သည် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုသာ ဖြစ်ပြီး အကြမ်းဖက်ထောက်ပံ့သည့်အဖွဲ့မဟုတ်ကြောင်း သမ္မတ အာဒိုဂန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ တူရကီအနေဖြင့် ကာ့ဒ်အကြမ်းဖက်အဖွဲ့များအပေါ် ထောက်ပံ့လျက် ရှိသည့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်ရေး ကြိုးပမ်းမှုများကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

No comments:

Post a Comment