တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့သည် စပိန်နိုင်ငံ၌ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေးအပါအဝင် ဘက်ပေါင်းစုံပါဝင်သော အရေးကိစ္စများနှင့်စပ်လျဉ်း၍ ဇွန်လ ၂၈ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း Anadolu Agency သတင်းဌာနက ဇွန်လ ၂၉ ရက်၌ ဖော်ပြခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း အာဒိုဂန် နှင့် ဘိုင်ဒင်တို့သည် တူရကီ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးကိုထိခိုက်စေမည့်ကိစ္စရပ် များအပါအဝင် ဒေသတွင်းအရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် NATO ထိပ်သီးအစည်းအဝေးပွဲအစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment