တူရကီစစ်ဘက်အနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်သွားမည်ဟု သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က သတိပေးပြောကြားခဲ့ကြောင်း NHK သတင်းဌာနက ဇွန်လ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနယ်စပ်တစ်လျှောက် အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်များမှ ကာကွယ်ရန် ရည်ရွယ်၍ ထိုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့အတူ ဆီးရီးယားနိုင်ငံ၏ Tal Rifaat နှင့် Manbij အကြမ်းဖက်သမားများအား ချေမှုန်း သုတ်သင်သွားမည်ဟု ဇွန်လ ၁ ရက်တွင်ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးတွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ မြို့ ၂ မြို့ အား ပစ်မှတ်ထားဆောင်ရွက်မည်ဖြစ်ပြီး စတင်ဆောင်ရွက်မည့်အချိန်ကာလအား ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment