Saturday, June 18, 2022

ရုရှားသည်တူရကီသို့ သွယ်တန်းထားသော ပိုက်လိုင်းနှစ်ခုအား ပြုပြင်ထိန်းသိမ်းရန် အတွက် ဓာတ်ငွေ့ပေးပို့မှုအား ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း

ရုရှားဓာတ်ငွေ့ကုမ္ပဏီ Gazprom သည် တူရကီသို့ သွယ်တန်းထားသော ပိုက်လိုင်းနှစ်ခုအားပြုပြင်ထိန်းသိမ်းရန်အတွက် ဓာတ်ငွေ့ပေးပို့မှုအား ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ပင်လယ်နက်ကြမ်းပြင်ကိုဖြတ်၍ သွယ်တန်းထားသော ပိုက်လိုင်းတွင် လမ်းကြောင်းနှစ်ခုပါဝင်ပြီး တစ်ခုမှာ တူရကီနိုင်ငံ၊ အခြားတစ်ခုမှာ ဥရောပတောင်ပိုင်းနှင့်အရှေ့တောင်ပိုင်းရှိ နိုင်ငံများသို့ ဓာတ်ငွေ့များပို့လွှတ်ပေးပါသည်။ အဆိုပါပိုက်လိုင်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် စတင်လည်ပတ်ခဲ့ပြီး နှစ်စဉ် ဓာတ်ငွေ့စုစုပေါင်းပမာဏ ၃၁.၅ ဘီလီယံကုဗမီတာအား ပေးပို့လျက်ရှိပါသည်။ ယခု သီတင်းပတ်အစောပိုင်းတွင် Gazprom သည် Nord Stream 1 ပိုက်လိုင်းမှတစ်ဆင့် ဥရောပသို့ ဓာတ်ငွေ့ပေးပို့မှုအား တစ်ရက်လျှင် ကုဗမီတာ ၆၇ သန်းထက်မပိုသော ပေးပို့မှုကိုသာ ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment