Wednesday, June 15, 2022
ပိုလန်နိုင်ငံသည် စစ်ဘက်တပ်ဖွဲ့ဝင် ၂ ခု တိုးချဲ့ဖွဲ့စည်းသွားမည်ဆိုခြင်း
ပိုလန်နိုင်ငံသည် စစ်ဘက်တပ်ဖွဲ့သစ် ၂ ခု တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဇွန်လ ၁၆ ရက်က ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်ခဲ့သည့် NATO ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအပြီး၌ ပိုလန်ကာကွယ်ရေး ဝန်ကြီးက ကြည်းတပ် တပ်မသစ်နှစ်ခု ထပ်မံတိုးချဲ့ဖွဲ့စည်းမည့်အစီအစဉ်ကို ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ တိုးချဲ့ဖွဲ့စည်းမည့် တပ်ဖွဲ့သစ် ၂ ခုအနက် တစ်ခုဖြစ်သော အမှတ်(၁၈) ယန္တယားတင်တပ်မဌာနချုပ်သည် ပိုလန်အရှေ့ပိုင်း Siedlce မြို့၌ အခြေစိုက်မည်ဖြစ်ပြီး ယခင်ရှိနှင့်ပြီး တပ်ဖွဲ့များနှင့် တပ်ဖွဲ့သစ်များ ပေါင်းစပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment