ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ရေးနှင့်စပ်လျဉ်း၍ ဂရိနှင့် ဂျာမနီနိုင်ငံတို့အကြား သဘောတူညီချက်တစ်ရပ်ရရှိခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇွန်လ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ ဂရိနိုင်ငံသည် ယူကရိန်းနိုင်ငံသို့ BMP-1 အမျိုးအစား တိုက်ခိုက်ရေးတင့်ကားများ ပို့ဆောင်သွားမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် ဂျာမနီနိုင်ငံသည် ဂရိနိုင်ငံသို့ ၎င်းနိုင်ငံထုတ် Marder 1A3s တိုက်ခိုက်ရေးတင့်ကားများ အစားထိုးပြန်လည်ပို့ဆောင်သွားမည်ဖြစ် ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ (Brussels) ၌ နှစ်ရက်ကြာပြုလုပ်သည့် ဥရောပသမဂ္ဂခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုပြီးနောက် အထက်ပါလက်နက်ပို့ဆောင်ရေး သဘောတူညီချက်နှင့်စပ်လျဉ်း၍ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုဇ် (Olaf Scholz) က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment