တူရကီနိုင်ငံသည် အရှေ့အာဖရိကဒေသရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော ယူဂန္ဓာ နိုင်ငံနှင့် ကုန်သွယ်မှုပမာဏတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိကြောင်း တူရကီဒုတိယကုန်သွယ်ရေး ဝန်ကြီး ရီဇာတူနာတူအေဂေး (Riza Tuna Turagay) က ယူဂန္ဓာနိုင်ငံ၊ မြို့တော် ကမ်ပါလာ (Kampala) တွင် ကျင်းပပြုလုပ်ခဲ့သည့် ယူဂန္ဓာ-တူရကီရင်းနှီးမြှုပ်နှံမှုညီလာခံ (Uganda-Turkiye Investment Summit) နှင့်ဆက်စပ်၍ Anadolu Agency သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးအတွင်း ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၏ စုစုပေါင်းပို့ကုန်သည် လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ ၂၂၅ ဘီလီယံကျော်ရှိ ကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၉၆ ဘီလီယံရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုးအား အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံရောက်ရှိရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ယူဂန္ဓာနှင့် တူရကီတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၁ သန်းအထိ တိုးတက်လာခဲ့သော်လည်း ယင်းပမာဏမှာ ၎င်းတို့ရည်မှန်းထားသည့်ပမာဏသို့ မရောက်ရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment