Tuesday, May 31, 2022

ဂရိသမ္မတသည် အက်စတိုးနီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း

 

    ဂရိသမ္မတ ကတ်တာရီနာဆက်ကယ်လာရိုပူလို (Katerina  Sakellaropoulou) သည် အက်စတိုးနီးယားနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၁ ရက်အထိ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း Err News သတင်းဌာနက မေလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင် ကတ်တာရီနာဆက်ကယ်လာရိုပူလိုသည် အက်စတိုးနီးယားသမ္မတ အလာကာရစ် (Alar Karis) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ရုရှား-ယူကရိန်းအရေးနှင့် ဒုက္ခသည်ကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်သည့်အပြင် ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပသွားမည်ဖြစ်ပါသည်။ ထို့ပြင် ဆက်ကယ်လာရိုပူလို သည် မေလ ၃၁ ရက်တွင် အက်စတိုးနီးယားနိုင်ငံ၊ တာတီ (Tartu) မြို့သို့ သွားရောက် လည်ပတ်မည်ဖြစ်ပြီး ဇွန်လ ၁ ရက်တွင် အက်စတိုးနီးယားလွှတ်တော်အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။    

No comments:

Post a Comment