ပိုလန်နိုင်ငံ၏ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ (Polish Armaments Group-PGZ) သည် Brimstone အမျိုးအစား တင့်ဖျက်ပဲ့ထိန်းဒုံးကျည်စနစ်များ တပ်ဆင်ရေးနှင့်စပ်လျဉ်း၍ ဗြိတိန်နိုင်ငံပိုင် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ (MBDA UK) နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း Thedefensepost သတင်းဌာနက မေလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အနေဖြင့် ဗြိတိန်၏ Brimstone အမျိုးအစား တင့်ဖျက်ပဲ့ထိန်းဒုံးကျည်များကို ပိုလန်နိုင်ငံရှိ PGZ စက်ရုံများ တွင် ထုတ်လုပ်သွားမည်ဖြစ်ပါသည်။ Brimstone အမျိုးအစား ပဲ့ထိန်းဒုံးကျည်များသည် မကြာသေးမီက ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခများတွင် ယူကရိန်းစစ်ဘက်မှ ရုရှား သံချပ်ကာယာဉ်များကို ဖျက်ဆီးရန်အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment