Asharq AL-awsat;May-8(Sun)
တူရကီနိုင်ငံအတွင်းရှိအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုး ကူညီမှုဖြင့် ဆီးရီးယားနိုင်ငံ၊ ဒေသ ၁၃ ခုသို့ မိမိသဘောဆန္ဒအလျောက်ပြန်လိုသည့် ဆီးရီးယားဒုက္ခသည် ၁ သန်းကျော်အား ပြန်လည်ပို့ဆောင်ပေးမည့်အစီအစဉ်အတွက် လိုအပ်သောပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ကြောင်း Asharq AL-awsat သတင်းဌာနမှ မေလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အထက်ပါအစီအစဉ်တွင် ဗလီ၊ စာသင်ကျောင်း၊ ဆေးရုံ၊ မုန့်ဆိုင်များအပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှသည် စက်မှု လုပ်ငန်းအထိ နေ့စဉ်လူနေမှုဘဝနှင့် ဖူလုံသောစီးပွားရေးဆိုင်ရာအခြေခံအဆောက်အအုံ များကို ထောက်ပံ့ပေးမည့်ကိစ္စရပ်များပါဝင်ကြောင်း အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ ပါသည်၊၊ အဆိုပါအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တူရကီနိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်းများ (International non-governmental organizations-INGO) အပါအဝင် ဒေသတွင်းအဖွဲ့အစည်း ၁၃ ခုဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်၊၊
တူရကီအစိုးရနှင့် ဆီးရီးယားအစိုးရတို့သည် ဒုက္ခသည်အရေးကိစ္စရပ်များနှင့် ကာဒ့်သူပုန်အရေးကိစ္စများ ဖြေရှင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲများလုပ်ဆောင် လျက်ရှိပါသည်။ ထို့ပြင် တူရကီအစိုးရအနေဖြင့် ဆီးရီးယားဒုက္ခသည် ၁.၅ သန်းအား ၁၅ လ မှ လ ၂၀ အတွင်း ၎င်းတို့၏နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါဒုက္ခသည်များနေထိုင်ရန်အတွက် ကာတာရန်ပုံငွေ များကိုအသုံးပြု၍ အိမ်ခြေ ၂ သိန်းတည်ဆောက်ရန် လိုအပ်သည့် လေ့လာမှုအားလုံးကို ဆောင်ရွက်ပြီးဖြစ်ကြောင်းကိုလည်း သတင်းဌာနက ထည့်သွင်းဖော်ပြထားပါသည်။ တူရကီနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း၌ ဆီးရီးယားဒုက္ခသည် ၅ သိန်းခန့်အား လုံခြုံစိတ်ချရသည့် ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ လက်ရှိတွင်လည်း တူရကီနိုင်ငံ၌ ဆီးရီးယားဒုက္ခသည် ၃.၇ သန်းခန့်အား လက်ခံထားရှိကြောင်း သိရှိရပါ သည်။
No comments:
Post a Comment