The Defense Post;May-2(Mon)
တူရကီလေတပ်သည် ဂရိနိုင်ငံ၌ မေလတွင်ကျင်းပပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းမှ နုတ်ထွက်ခဲ့ကြောင်း The Defense Post သတင်းဌာနက မေလ ၂ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ “Tiger Meet” ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် ပါဝင်သည့်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကိုမြှင့်တင်ရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ် သည့် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ဂရိနိုင်ငံ၊ အေသင်မြို့၌ ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းအား အိမ်ရှင် နိုင်ငံအဖြစ်ဆောင်ရွက်သည့် နိုင်ငံတိုင်းသည် စစ်ရေးလေ့ကျင့်မှုမတိုင်မီ လေ့ကျင့်ခန်း အား ရည်ရွယ်ဆောင်ရွက်ရသည့် မူကြမ်းစာတမ်းတစ်စောင်ကို ရေးဆွဲရပြီး ယခုနှစ်တွင် ဂရိနိုင်ငံသည် အဆိုပါစာတမ်း၌ တူရကီနိုင်ငံကို ပစ်မှတ်ထား၍ ရေးဆွဲထားကြောင်း တူရကီလုံခြုံရေးသတင်းအရင်းအမြစ်များက ပြောကြားခဲ့ပါသည်။
ထို့ပြင် အထက်ပါစာတမ်း၌ ဂရိအာဏာပိုင်များသည် တိကျသော အသေးစိတ် အချက်အလက်များကို ဖော်ပြခြင်းမရှိဘဲ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများကို အလွဲသုံးစားပြု၍ ထည့်သွင်းဖော်ပြခဲ့ပြီး ထပ်မံဖြည့်စွက်ချက်များသည်လည်း တူရကီ လေတပ်၏ကွပ်ကဲမှုအား အပြောင်းအလဲဖြစ်စေရန် “ရည်ရွယ်ချက်ရှိရှိ” ပြုလုပ်ထားခြင်း ဖြစ်ကြောင်း တူရကီအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံသည် “Tiger Meet” စစ်ရေးလေ့ကျင့်ခန်းကို ၎င်း၏နိုင်ငံရေးအကျိုးအမြတ်အတွက် ကြိုးကိုင်ခြယ်လှယ် လျက်ရှိသည်ဟူသောအကြောင်းပြချက်ဖြင့် တူရကီနိုင်ငံအနေဖြင့် ၎င်းစစ်ရေးလေ့ကျင့်ခန်း၌ ပါဝင်ခြင်းအား ဆိုင်းငံ့ရန်ဆုံးဖြတ်ခဲ့ပြီး ဧပြီလ ၂၂ ရက်တွင် ဂရိအာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့ပါသည်။ ဂရိနှင့် တူရကီနိုင်ငံတို့သည် NATO အဖွဲ့ဝင် မဟာမိတ်နိုင်ငံများဖြစ်သော်လည်း မြေထဲပင်လယ် အရှေ့ပိုင်းရှိ ဒေသတွင်းပြိုင်ဘက်နိုင်ငံများဖြစ်ကြပါသည်။ ဂရိစစ်လေယာဉ်များသည် အေဂျီယံပင်လယ်ပြင်ရှိ တူရကီလေပိုင်နက်အားချိုးဖောက်၍ ၇၂ နာရီအတွင်း အကြိမ် ၃၀ ခန့် ဝင်ရောက်ခဲ့သည်ဟု တူရကီလုံခြုံရေးသတင်းအရင်းအမြစ်များက ဧပြီလ ၂၉ ရက်တွင် စွပ်စွဲပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment