Tuesday, May 10, 2022

တူရကီသမ္မတနှင့်ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားတယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 

    တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် မေလ ၁၀ ရက်တွင် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (Mohammed bi Salman) နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တူရကီဆက်သွယ်ရေးညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးသည် အဆိုပါဆက်သွယ်ဆွေးနွေးမှုအတွင်း ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ သမ္မတအာဒိုဂန်သည် ဆွေးနွေးမှုအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျစ်ဒ်ဒါ (Jiddah) မြို့ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဆော်ဒီဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာအဇစ်အယ်လ်ဆော့ (Salman bin Abdulaziz Al Saud) ကျန်းမာရေးနှင့်စပ်လျဉ်း၍လည်း သတင်းမေးဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment