Tass;May-5(Thu)
ဆားဘီးယားနှင့် ရုရှားနိုင်ငံတို့အနေဖြင့် ကာလရှည်ကြာစွာဆောင်ရွက်သွားမည့် ဓာတ်ငွေ့ဝယ်ယူရောင်းချရေးဆိုင်ရာ သဘောတူညီချက်အသစ်တစ်ရပ်နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြားဆွေးနွေးပွဲများကို လာမည့်ရက်ပိုင်းအတွင်း စတင်သွားမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူစစ် (Aleksandar Vucic) က ဂျာမနီနိုင်ငံ၊ ဘာလင် (Berlin) မြို့၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ထည့်သွင်းပြောကြား ခဲ့ကြောင်း Tass သတင်းဌာနက မေလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဂျာမနီ နိုင်ငံအနေဖြင့် ရုရှားနိုင်ငံထံမှ သဘာဝဓာတ်ငွေ့ပမာဏ ၅၅ ရာခိုင်နှုန်းကို ဝယ်ယူနေရ လျက်ရှိသကဲ့သို့ ၎င်းတို့နိုင်ငံအနေဖြင့်လည်း အခြားသောနိုင်ငံများနည်းတူ ရုရှား နိုင်ငံထံမှ သဘာဝဓာတ်ငွေ့ပမာဏ ၁၀၀ ရာခိုင်နှုန်းကို ဝယ်ယူနေရသည့်နိုင်ငံဖြစ် ကြောင်း ဘူစစ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် စွမ်းအင်အရင်းအမြစ်များသည် ၎င်းတို့ နိုင်ငံအတွက် ကြီးမားသည့်ပြဿနာရပ်များဖြစ်လာနိုင်သောကြောင့် မေလ ၁၀ ရက် နှောင်းပိုင်းတွင် ရုရှားနိုင်ငံနှင့် ဓာတ်ငွေ့ဈေးနှုန်းအပါအဝင် အခြားသောကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ဘူစစ်က ဆက်လက် ပြောကြားခဲ့ပါသည်။
ဆားဘီးယားနိုင်ငံ၏ စီးပွားရေးနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် ရုရှား၏ သဘာဝဓာတ်ငွေ့ကဏ္ဍအပေါ်တွင် အပြည့်အဝမှီခိုနေရသည့်အတွက် ရုရှားနိုင်ငံနှင့် မကြာမီအချိန်အတွင်းကျင်းပပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲအတွင်း ဓာတ်ငွေ့နှင့်ပတ်သက်၍ သင့်တော်သည့်ဈေးနှုန်းများရရှိရန် မျှော်လင့်ကြောင်း သမ္မတ ဘူစစ်က အစောပိုင်းတွင် ပြောကြားထားခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံနှင့် ၎င်းတို့နိုင်ငံအကြား ယခင်ကချုပ်ဆို ထားသည့် သဘာဝဓာတ်ငွေ့သဘောတူညီချက်သည် ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် ကာလရှည်ကြာစွာဆောင်ရွက်သွားမည့် သဘာဝ ဓာတ်ငွေ့ဝယ်ယူရောင်းချရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်အား ရုရှားနိုင်ငံနှင့် လက်မှတ်ရေးထိုးသွားရန်ဆန္ဒရှိသည်ဟု ဘူစစ်က မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment