Wednesday, May 25, 2022

တူရကီသမ္မတသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် စစ်ဆင်ရေးတစ်ရပ်စတင် ဆောင် ရွက်ခဲ့ခြင်း

    တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆီးရီးယားနှင့် တူရကီနယ်စပ်တစ်လျှောက် ဘေးကင်းဇုန် (Security Zone) တစ်ခု ဖန်တီးရန် ရည်ရွယ်၍ ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် စစ်ဆင်ရေးတစ်ရပ်စတင် ဆောင် ရွက်သွားမည်ဟု မေလ ၂၃ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည့်အပေါ် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၅ ရက်တွင် ပြစ်တင်ဝေဖန်မှု ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် အဆိုပါ စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခြင်းမပြုရန် တူရကီအား အမေရိကန် နိုင်ငံက သတိပေးခဲ့သည့်အပြင် ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များအတွက် ဘေးအန္တရာယ်ရှိနိုင်ကြောင်း NATO အဖွဲ့ကလည်း ပြောကြားခဲ့သည်ဟု Xinhua သတင်း ဌာနက မေလ ၂၆ ရက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

 

No comments:

Post a Comment