Saturday, May 21, 2022
ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ်သည် တူရကီကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း
ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာမာဂျာဗတ်ဘာဂျာဝါ (Qamar Javed Bajwa) နှင့် တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအကာ (Hulusi Akar) တို့သည် မေလ ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း YeniSafak သတင်းဌာနက မေလ ၂၂ ရက်၌ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုအား ပါကစ္စတန်နိုင်ငံ၊ ရာဝယ်ပင်ဒီ (Rawalpindi) မြို့ရှိ အရှေ့မြောက်ဒေသစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများအပါအဝင် အပြန်အလှန်အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment