Anadolu Agency; May-17 (Tue)
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) တို့သည် အမေရိကန်နိုင်ငံ၊ နယူးယောက် (New York) မြို့၌ မေလ ၁၈ ရက်တွင် ပြုလုပ်မည့် တူရကီ-အမေရိကန်မဟာဗျူဟာမြောက်လုပ်ငန်းစဉ် (Turkiye-US Strategic Mechanism) ၏ ပထမဆုံးအကြိမ်နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေး၌ တွေ့ဆုံသွားမည် ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက မေလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ မဲလ်ဗက်ကာဗူဆိုဂလူသည် အမေရိကန်နိုင်ငံသို့ မေလ ၁၆ ရက်မှ ၁၉ ရက်အထိ သွားရောက်လျက်ရှိပြီး မေလ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မိန့်ခွန်းပြောကြား၍ လက်ရှိနှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ် များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါမဟာဗျူဟာမြောက်လုပ်ငန်းစဉ်၏ ပထမအဆင့်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် အီတလီနိုင်ငံ၊ ရောမမြို့၌ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့ တွေ့ဆုံမှုမှအစပြု၍ စတင်ဆွေးနွေးရန်ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။
သမ္မတ အာဒိုဂန်နှင့် သမ္မတ ဘိုင်ဒန်တို့သည် နှစ်နိုင်ငံအကြား ဆောင်ရွက်လျက် ရှိသည့်ကိစ္စရပ်များတွင် အဆင့်မြင့်အရာရှိကြီးများအဆင့်ဆွေးနွေးမှုများ၌ အပြည့်အဝ သဘောတူညီမှုမရရှိသည့်ကိစ္စရပ်များအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မဟာ ဗျူဟာမြောက်လုပ်ငန်းစဉ်တစ်ခုထူထောင်ရေး သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ မဟာဗျူဟာမြောက်လုပ်ငန်းစဉ်အစည်းအဝေးနှင့်ပတ်သက်၍ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသည် တူရကီနိုင်ငံသို့ လာရောက်ခဲ့သည့် ဧပြီလ ၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးပြုလုပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ အထက်ပါ မေလ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးအတွင်း စီးပွားရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်မှုနှိမ်နင်းမှု၊ ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံစလုံးအတွက် အကျိုးစီးပွားတူညီသည့် ခေါင်းစဉ် များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူသည် အမေရိကန်နိုင်ငံသို့ မေလ ၁၆ ရက်မှ ၁၉ ရက်အထိ ချစ်ကြည်ရေးခရီးသွားရောက်လျက်ရှိပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) သည် တူရကီ-အမေရိကန် မဟာဗျူဟာမြောက် ယန္တရား၏ ပထမအဆင့်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် အီတလီနိုင်ငံ၊ ရောမမြို့၌ တွေ့ဆုံမှုအတွင်း စတင်ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံသမ္မတများသည် နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များတွင် အဆင့်မြင့်အရာရှိကြီးများ အဆင့်ဆွေးနွေးမှုများ၌ အပြည့်အဝသဘောတူညီမှုမရရှိသည့်ကိစ္စရပ်များအား ဖြေရှင်း ဆောင်ရွက်နိုင်ရန် မဟာဗျူဟာမြောက်ယန္တရားတစ်ခုထူထောင်ရန် သဘောတူညီခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ တူရကီ-အမေရိကန် မဟာဗျူဟာမြောက်ယန္တရားအစည်းအဝေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တူရကီနိုင်ငံသို့ လာရောက်ခဲ့သည့် ဧပြီလ ၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်ရန် သဘောတူခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးအတွင်း နှစ်နိုင်ငံတာဝန်ရှိသူများသည် စီးပွားရေးနှင့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှု၊ အကြမ်းဖက်မှုနှိမ်နင်းမှု၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံစလုံးအတွက် အကျိုးစီးပွားတူညီသည့်ခေါင်းစဉ်များအား ဆွေးနွေး ခဲ့ပါသည်။ တူရကီသည် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူမှု နှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဆက်ဆံရေးတင်းမာလာခဲ့ပါသည်။ ယခုအခါ တူရကီ သမ္မတနှင့် အမေရိကန်သမ္မတတို့အကြား ရောမမြို့တွင်တွေ့ဆုံခဲ့မှုကြောင့် နှစ်နိုင်ငံ အကြား တင်းမာမှုများ လျော့ကျလာခဲ့ရပါသည်။ သို့ဖြစ်၍ နှစ်နိုင်ငံအကြား ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် ဆက်ဆံရေးကောင်းမွန်လာပြီး တူရကီအပေါ် အမေရိကန်၏ဖိအားများ တဖြည်းဖြည်းလျော့ကျလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:
Post a Comment