Thursday, May 5, 2022

ယူကရိန်းနှင့် ပိုလန်တို့သည် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း


The First News;May-5(Thu)

ယူကရိန်းဝန်ကြီးချုပ် ဒနစ်ရှမိုင်ဟဲလ် (Denys Shmyhal) နှင့် ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) တို့သည် လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာသဘောတူညီချက်တစ်ရပ်အား မေလ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း The First News သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်သည် ယူကရိန်းနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍအတွက် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန်နှင့် ခေတ်မီနည်းပညာများလွှဲပြောင်းပေးနိုင်ရန်အတွက် အရေးပါသောခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှမိုင်ဟဲလ်က ပြောကြားခဲ့ပါသည်။ ယူကရိန်းဝန်ကြီးချုပ် သည် မေလ ၅ ရက်တွင် ပိုလန်နိုင်ငံရှိ အမျိုးသားအားကစားရုံ၌ပြုလုပ်ခဲ့သော ယူကရိန်း နိုင်ငံအတွက် အဆင့်မြင့်နိုင်ငံတကာကူညီထောက်ပံ့ရေးညီလာခံကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ပြီး ၎င်းညီလာခံတွင် ပိုလန်နိုင်ငံအနေဖြင့် ရုရှားမှ ယူကရိန်းအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများစတင်ပြုလုပ်ချိန်မှစ၍ ယူကရိန်းအား ကူညီထောက်ပံ့မှုများ စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိကြောင်း ဝန်ကြီးချုပ် ရှမိုင်ဟဲလ်က ပြောကြားခဲ့ပါသည်။

ထို့ပြင် ရုရှားအနေဖြင့် စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ချိန်မှစ၍ ပိုလန်နှင့် ယူကရိန်းနိုင်ငံတို့၏ ဆက်ဆံရေးသည် ပိုမိုခိုင်မာအားကောင်းလာခဲ့ကြောင်းနှင့် ရုရှား၏ စစ်ရေးတိုက်ခိုက်မှုများကြောင့် ယူကရိန်းအနေဖြင့် အခက်အခဲများနှင့်ရင်ဆိုင်နေရစဉ် မည့်သည့်နိုင်ငံက မိတ်ဆွေစစ် ဟုတ်/မဟုတ်ကိုလည်း ခွဲခြားသိရှိနိုင်ခဲ့ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား စတင်တိုက်ခိုက်ခဲ့ချိန်မှစ၍ ပိုလန်နိုင်ငံသည် အမေရိကန်နိုင်ငံပြီးနောက် ယူကရိန်းနိုင်ငံအား စစ်ရေးဆိုင်ရာအကူအညီ အများဆုံးပေးအပ်ခဲ့သည့်နိုင်ငံဖြစ်ကြောင်း၊ ပိုလန်နှင့် ယူကရိန်းနိုင်ငံတို့အကြား ညီရင်း အစ်ကိုပမာဆက်ဆံရေးသည် လာမည့်ဆယ်စုနှစ်များစွာထိတိုင် ဆက်လက်တည်တံ့ခိုင်မြဲ နေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှမိုင်ဟဲလ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment