ဆီးရီးယားနိုင်ငံအပေါ် တူရကီစစ်ဘက်၏ စစ်ရေးအင်အားသုံးလုပ်ဆောင်မှု အပါအဝင် စစ်ရေးလှုပ်ရှားမှုမှန်သမျှကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု Sana.sy သတင်းဌာနက မေလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက်၏ ၎င်းလုပ်ရပ်သည် ဆီးရီးယားနိုင်ငံ၏ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို ချိုးဖောက်ရာရောက်ကြောင်း၊ နှစ်နိုင်ငံ အကြား အခြေအနေကိုပိုမိုရှုပ်ထွေးစေခြင်းနှင့် တင်းမာမှုများကိုသာ ပိုမိုဖြစ်ပေါ်စေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆာအစ်ခါတစ်ဇာဒက် (Saeed Khatibzadeh) က ပြောကြားခဲ့ပါသည်။ ထို့ပြင် အီရန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုအပေါ် နားလည်မှုရှိကြောင်း၊ အကောင်းဆုံးသောနည်းလမ်းမှာ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။
No comments:
Post a Comment