Tuesday, May 31, 2022

ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အား မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် အမြန်ဆုံးလက်ခံလိမ့်မည်ဟု မျှော်မှန်း ထားကြောင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ခြင်း

 

    ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အား မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင်နိုင်ငံအဖြစ် အမြန်ဆုံးလက်ခံလိမ့်မည်ဟု မျှော်မှန်း ထားကြောင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီး ဘူဂျာအိုစ်မာနီ (Bujar Osmani) က ဂျပန်နိုင်ငံ၊ မြို့တော်တိုကျို (Tokyo) တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်ဟု NHK သတင်းဌာနက မေလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါ သည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အား အဖွဲ့ဝင်အဖြစ်လက်ခံမည်ဆိုပါက NATO အဖွဲ့ အနေဖြင့် ပိုမိုခိုင်မာအားကောင်းလာမည့်အပြင် တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရာ တွင်လည်း များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြား ခဲ့ပါသည်။ မြောက်ဆီဒိုးနီးယားနိုင်ငံအနေဖြင့် ဖင်လန်၊ ဆွီဒင်နိုင်ငံနှင့် အဆိုပါနှစ်နိုင်ငံ အားအဖွဲ့ဝင်ဖြစ်ရေးကို လိုလားမှုမရှိသော တူရကီနိုင်ငံတို့အကြား ညှိနှိုင်းအဖြေရှာနိုင်ရေး အတွက် ဆွေးနွေးပွဲများအမြန်ဆုံးပြုလုပ်သွားရန် တိုက်တွန်းကြောင်းလည်း အိုစ်မာနီက ဆက်လက်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment