Eurasiareview;May-9(Mon)
တူရကီနိုင်ငံသည် အီရတ်မြောက်ပိုင်းရှိ Qandil တောင်များတွင်ရှိသော ကာ့ဒ် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ (Kurdistan Workers Party-PKK) များအပေါ် လေကြောင်း၊ မောင်းသူမဲ့လေယာဉ်များနှင့် အမြောက်များကိုအသုံးပြု၍ တိုက်ခိုက်မှုများပိုမိုပြုလုပ် လာခဲ့ကြောင်း Al Monitor သတင်းဌာနက မေလ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက်၏ မကြာသေးမီကပြုလုပ်ခဲ့သည့် Operation Claw Lock အမည်ရှိ စစ်ဆင်ရေးသည် ဒေသတွင်းရှိ PKK အကြမ်းဖက်တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများကို သုတ်သင်ရှင်းလင်းရန်အတွက် ၂၀၁၉ ခုနှစ်တွင်စတင်ခဲ့သည့် စစ်ဆင်ရေး၏ နောက်ဆုံး အဆင့်ဖြစ်ပါသည်။ တူရကီနိုင်ငံအနေဖြင့် ထိုကဲ့သို့ စစ်ဆင်ရေးဆောင်ရွက်ခြင်းသည် အီရတ်မှ PKK များအနေဖြင့် တူရကီသို့ဝင်ရောက်လာမည့် လမ်းကြောင်းများအားလုံးကို ပိတ်ပစ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က ပြောကြားခဲ့ပါသည်။
ထို့ပြင် ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် ဆီးရီးယားဒီမိုကရက်တစ်အဖွဲ့ (Syrian Democratic Forces-SDF) ၏ အဓိကအားထားရသည့် ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People’s Protection Units-YPG) များကို မကြာသေးမီ ကာလများအတွင်း ပြင်းထန်စွာတိုက်ခိုက်လျက်ရှိကြောင်းကိုလည်း တူရကီနိုင်ငံခြားရေး ဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) က ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြောကြားထားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ၏ နယ်မြေစိုးမိုးရေးကို ထောက်ခံသော်လည်း YPG-PKK အကြမ်းဖက်တပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံကို ပိုင်းခြားရန် အစီအစဉ်ရှိနေကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ အီရတ်နိုင်ငံရှိ PKK အကြမ်းဖက်တပ်ဖွဲ့များအပေါ် တူရကီနိုင်ငံ၏ စစ်ဆင်ရေးဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ အီရတ်နှင့် ကာ့ဒ်ဒေသဆိုင်ရာအစိုးရနှစ်ရပ်စလုံးက အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းအဖြစ် ပြစ်တင်ရှုတ်ချမှုများ လုပ်ဆောင်လျက်ရှိ ပါသည်။ အီရတ်နိုင်ငံ၌ ဆက်ဒမ်ဟူစိန် (Saddam Hussein) သမ္မတအဖြစ်ဆောင်ရွက် ခဲ့သည့် ၁၉၈၀ ပြည့်နှစ်မှစ၍ တူရကီနိုင်ငံသည် PKK အကြမ်းဖက်တပ်ဖွဲ့များအား နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးများဆောင်ရွက်ခဲ့ပြီး အီရတ်နိုင်ငံမြောက်ပိုင်းရှိ စစ်အခြေစိုက် စခန်းများကို ထိန်းသိမ်းထားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment