Wednesday, May 18, 2022

ဘူလ်ဂေးရီးယားအစိုးရသည် နိုင်ငံအတွင်း အီတလီစစ်ဘက်တပ်ဖွဲ့ဝင် ၈၀၀ ဦးခန့်အား တပ်ဖြန့်ချထားရန် အတည်ပြုပေးခဲ့ခြင်း

        ဘူလ်ဂေးရီးယားအစိုးရသည် NATO အဖွဲ့၏ နိုင်ငံပေါင်းစုံပါဝင်သည့်မူဘောင် တစ်ရပ်အရ ၎င်းနိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း အီတလီစစ်ဘက်တပ်ဖွဲ့ဝင် ၈၀၀ ဦးခန့်အား တပ်ဖြန့်ချထားရန် အတည်ပြုပေးခဲ့ကြောင်း English News သတင်းဌာနက မေလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ဘူလ်ဂေးရီးယားကာကွယ်ရေးဝန်ကြီးဌာနကလည်း ၎င်းနိုင်ငံအတွင်း အမေရိကန်ကြည်းတပ်မှ တပ်ဖွဲ့ဝင် ၁၅၀ ဦးခန့်နှင့် သံချပ်ကာယာဉ် ၂၀ စီးပါဝင်သော တပ်ခွဲ ၁ ခွဲကိုလည်း တပ်ဖြန့်ချထားရန်အသင့်ရှိကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။ NATO အဖွဲ့သည် အထက်ပါ ဘူလ်ဂေးရီးယားနိုင်ငံအပါအဝင် ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများသို့ ၎င်းတို့အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များတပ်ဖြန့်ချထားရန် မကြာသေးမီက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment