Independent; May-8 (Sun)
ယူကရိန်းနယ်စပ်အနီးရှိ ထရန်စ်နစ္စထရီးယား (Transdniestria) ခွဲထွက် ဒေသ၌ မေလ ၇ ရက် ညပိုင်းတွင် မောင်းသူမဲ့လေယာဉ်များဖြင့် ၄ ကြိမ်တိုင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ရုရှားလိုလားသော မော်လ်ဒိုဗာခွဲထွက်ရေးသမားများက ပြောကြား ခဲ့သည်ဟု Independent သတင်းဌာနက မေလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုများ အနက် ၃ ကြိမ်သည် ယူကရိန်းနယ်စပ်အနီးရှိ ခါကိဗ် (Kharkiv) မြို့နှင့် စကိုဗိုရိုဒီ ညက်ဗ်ကာ (Skovorodinyvka) ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၇၀၀ ပြည့်နှစ် များ၏ နာမည်ကျော် ဒဿနပညာရှင်နှင့် ကဗျာဆရာတစ်ဦးဖြစ်သည့် ဟရီဟိုရီစကို ဗိုရိုဒါ (Hryhoriy Skovoroda) ၏ စာပေအထိမ်းအမှတ်ပြတိုက် (Literary Memorial Museum) အား မီးလောင်လုနီးပါးဖြစ်ပွားစေခဲ့ကြောင်း ခါကိဗ် (Kharkiv) ဒေသရှိ အုပ်ချုပ်ရေးမှူး အိုလက်ဆင့်ဂူဘော့ဗ် (Oleh Sinegubov) က ပြောကြားခဲ့ပါသည်။ ကျန်တိုက်ခိုက်မှုတစ်ခုသည် Transdniestria ပြည်နယ်မြောက်ပိုင်းရှိ ရိုင်နစ်ဆာ (Rybnitsa) ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတိုက်ခိုက်မှုအတွင်း မည်သူမျှ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း Transdniestria ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ပါသည်။
အထက်ပါ Transdniestria ဒေသ၌ ပြီးခဲ့သည့် ရက်သတ္တပတ်များတွင်လည်း အလားတူ ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ခြင်းကြောင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခသည် အခြားသော နယ်နိမိတ်များအထိပါ ပျံ့နှံ့သွားနိုင်ကြောင်း နိုင်ငံတကာ၏သတိပေးချက်များ ထွက်ပေါ် လာခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံတောင်ပိုင်းကို အပြည့်အဝထိန်းချုပ်ခြင်းဖြင့် ယူကရိန်းအနောက်ဘက်ရှိ မော်လ်ဒိုဗာခွဲထွက်နယ်မြေဖြစ်သော Transdniestria ဒေသနှင့် ပိုမိုလွယ်ကူစွာ ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း ရုရှားစစ်ဘက်ထိပ်တန်းအရာရှိတစ်ဦးက ပြီးခဲ့သည့် ဧပြီလအတွင်း ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံအနေဖြင့် အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ၎င်း၏လုပ်ရပ်မဟုတ်ကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး ရုရှားနိုင်ငံသည် စစ်ပွဲကိုလှုံ့ဆော်ရန်အတွက် ယခုကဲ့သို့ တိုက်ခိုက်မှုများလုပ်ဆောင် နေခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားထားခဲ့ပါသည်။ သို့သော် ရုရှားနိုင်ငံကမူ ယူကရိန်း၏ ပြစ်တင်ဝေဖန်စွပ်စွဲမှုများကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
မော်လ်ဒိုဗာနိုင်ငံ၏ခွဲထွက်နယ်မြေဖြစ်သော ထရန်စ်နစ္စထရီးယား (Transdniestria) ဒေသရှိ လုံခြုံရေးဌာနချုပ်၊ စစ်စခန်းတစ်ခုနှင့် ရုရှားပိုင်ရေဒီယိုတာဝါတိုင်တို့၌ ပြီးခဲ့ သည့် ရက်သတ္တပတ်များအတွင်း ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့သည့်အပြင် ရုရှား လက်နက်သိုလှောင်ရုံတစ်ခုတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပါသည်။ အလားတူ မေလ ၇ ရက် ညပိုင်းတွင်လည်း မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှု ၄ ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများအနက် ၃ ကြိမ်သည် ယူကရိန်းနယ်စပ်အနီးရှိ ခါကိဗ် (Kharkiv) မြို့နှင့် စကိုဗိုရိုဒီညက်ဗ်ကာ (Skovorodinyvka) ရွာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ကြိမ်မှာ Transdniestria ပြည်နယ်မြောက်ပိုင်းရှိ ရိုင်နစ်ဆာ (Rybnitsa) ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့တိုက်ခိုက်မှုများဆက်တိုက် ဖြစ်ပွားလာခဲ့ခြင်းကြောင့် ရုရှားတပ်ဖွဲ့များသည် Transdniestria နယ်မြေကိုခြေကုပ်ယူ၍ ယူကရိန်းအနောက်ပိုင်းအား တိုက်ခိုက်မှုများလုပ်ဆောင်လာမည်ကို ယူကရိန်းနိုင်ငံဘက်က စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ပါသည်။ Transdniestria ဒေသအနီးတွင် တိုက်ခိုက်မှု များဖြစ်ပွားရခြင်းနှင့်စပ်လျဉ်း၍ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲပြောကြားမှုများလည်း ဖြစ်ပေါ်လျက်ရှိပါသည်။ ရုရှားနိုင်ငံသည် ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းကိုထိန်းချုပ်နိုင်ရန် အဓိကထားကြိုးပမ်းနေချိန်တွင် ထရန်စ်နစ္စထရီးယားဒေသ၌ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာခြင်းသည် ရုရှားနိုင်ငံ၏ စစ်ရေး ရည်ရွယ်ချက်အား မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါသည်။ Transdniestria နှင့်ထိစပ်နေသော ယူကရိန်းနယ်စပ်ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မှုများကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့်အပြင် လက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကိုလည်း ပိုမိုအရှိန်မြင့်တက်လာစေနိုင်ပါသည်။ ထို့ပြင် ရုရှား နိုင်ငံ၏ စစ်မျက်နှာကို ပိုမိုကျယ်ပြန့်လာစေနိုင်သည့် အန္တရာယ်ရှိနေပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment